Blogger Tips and TricksLatest Tips For BloggersBlogger Tricks
ရိုးရိုးမြေ မှ လှိုက်လဲစွာကြိုဆိုနေပါ၏ ...လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ.

Wednesday, May 28, 2014

♪ တရုတ်ကုမ္ပဏီ Xiaomi ရဲ့ iPad Mini အလား ထင်မှတ်မှားရတဲ့ Mi Pad ♫


ဈေးအချိုဆုံး iPad Mini (Retina) ဟာ ဒေါ်လာ ၄၀၀ ကျသင့်ပါတယ်။ သင့်အနေနဲ့ ဒါကို များတယ်လို့ ယူဆရင်တော့ တရုတ်ကုမ္ပဏီ Xiaomi ထုတ် Mi Pad ကို ဝယ်ယူလိုက်ပါ။ အမှတ်မထင် ကြည့်လိုက်မယ်ဆိုရင် Xiaomi Mi Pad ဟာ အကြီးစား iPhone 5C လို့ ထင်စရာ ရှိပါတယ်။ အနီးကပ် ကြည့်လိုက်ရင်တော့ iPad Mini နဲ့ iPhone 5C တို့ကို ပေါင်းစပ်ထားတဲ့ အတုမဟုတ်တဲ့ ဆင်တူယိုးမှား Tablet တစ်လုံးကို တွေ့ရပါလိမ့်မယ်။
Mi Pad ဟာ အမှန်တကယ်တော့ Android သုံး tablet တစ်လုံးပါ။ ဒါပေမယ့် iPad Mini (Retina) ကဲ့သို့ပင် အထူးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ 2048 x 1436 ပုံထွက်နှုန်းရှိတဲ့ ၇.၉ လက်မအရွယ် မျက်နှာပြင် တပ်ဆင်ပေးထားသလို ကိုယ်ထည်ဟာလည်း iPhone 5C မှာ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်း များပဲဖြစ်ကာ ထုတ်လုပ်ပုံခြင်းလည်း တူညီတယ်လို့ သိရပါတယ်။ ဒါအပြင် မူရင်း Android ပေါ် ထပ်ဆောင်းထည့်သွင်း ပေးထားတဲ့ MIUI Interface ဟာလည်း iOS 7 ကို မှီငြမ်းထားသယောင် ရှိနေပါတယ်။ ဒါပေမယ့် Mi Pad ဟာ iPhone 5C အား ပုံတူကူးထားခြင်း မဟုတ်ကြောင်း Mi Pad မှာ ဖုန်းတစ်လုံး မဟုတ်ပဲ tablet သာဖြစ်ကြောင်း ငြင်းချက်ထုတ်သွား ခဲ့ပါတယ်။
ဒါပေမယ့် Mi Pad မှာ အများနဲ့မတူ ထူးခြားတဲ့ လက်နက်ပုန်းတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့ ကမ္ဘာ့ ပထမဆုံးသော NVIDIA Tegra K1 ပရော်ဆက်ဆာကို ထည့်သွင်းပေးထားခြင်းပဲ ဖြစ်ပါတယ်။ K1 ပရော်ဆက်ဆာဟာ ပြီခဲ့တဲ့ ဂျန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ CES ပြပွဲကြီးမှာ ပွဲထွက်လာခဲ့ပြီးနောက် ဈေးကွက်တွင်းသို့ Mi Pad နဲ့အတူ ပထမဆုံးအကြိမ် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
2.2. GHz အားရှိ ဒီ Tegra K1 မှာ ပရော်ဆက်ဆာ ၄ လုံး + ဂရပ်ဖစ် ပရော်ဆက်ဆာ ၁ လုံးတို့ ပါဝင်လို့ အဆင့်မြင့် ဂိမ်းတွေဆော့ရာမှာ အလွန်းကောင်းမွန်တဲ့ ရလဒ်များကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Memory က 2GB ဖြစ်ပြီး သိုမှီးမှုပမာဏ 16GB နဲ့ 64GB ဖြစ်ပါတယ်။ microSD ကဒ် ထည့်သွင်းပြီး သိုမှီးမှုပမာဏကို 128GB ထိလည်း တိုးမြှင့်နိုင်ပါသေးတယ်။
Mi Pad ကို iPhone 5C နှင့် အလားတူ အပြာ၊ အဝါ၊ ပန်းရောင်၊ အဖြူနဲ့ အစိမ်းရောင်များနဲ့ ထုတ်လုပ်ထားပြီး နောက်ကျောပြင် ကင်မရာက 8MP ဖြစ်ကာ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ Wi-Fi b/g/n/ac ကွန်ယက်များနဲ့ Bluetooth 4.0 တို့လည်း ပါဝင်ပြီး ဘက်ထရီကတော့ 6700mAh အား ရှိပါတယ်။ နောက်ကျောပြင် ကင်မရာဟာ Sony နည်းပညာကို အသုံးပြုထားပြီး f/2.0 aperture ပါတဲ့ မှန်ပြောင်းပဲဖြစ်ပြီး 1080p ဗီဒီယိုများကိုလည်း ရိုက်ကူးနိုင်ပါလိမ့်မယ်။
အရွယ်အစားကတော့ 202.1 x 135.4 x 8.5 mm ဖြစ်ပြီး အလေးချိန်က ၃၆၀ ဂရမ် ဖြစ်ပါတယ်။ iPad Mini (Retina) ရဲ့ အရွယ်အစားက 134.7 x 200 x 7.5 mm ဖြစ်ကာ အလေးချိန် ၃၃၁ ဂရမ် ရှိပါတယ်။
Mi Pad ကို လက်ရှိအချိန်မှာ တရုတ်ဈေးကွက်တွင်း၌သာ ဖြန့်ချိထားပြီး ဈေးနှုန်းများမှာ 16GB အတွက် ဒေါ်လာ ၂၄၀ နဲ့ 64GB အတွက် ဒေါ်လာ ၂၇၃ ကျသင့်မှာ ဖြစ်ပါတယ်။ Mi Pad အား မည်သည့်အချိန်၌ နိုင်ငံတကာ ဈေးကွက်တွင်း ဖြန့်ချိသွားမည် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
Credit to ==> http://mmconsumerguide.com/

Tuesday, May 27, 2014

မောက်စ်တစ်ခု ကီးဘုတ်တစ်ခု တည်းနဲ့ ကွန်ပျူတာများစွာကို ချိတ်ဆက်အသုံးပြုနည်း



ကျွန်တော်တို့ ကွန်ပျူတာ တစ်လုံးစီမှာ mouse နဲ့ Keyboard ကိုယ်စီရှိကြပါတယ်..ခု ဒီပို့စ်မှာတော့ ကွန်ပျုတာ တစ်လုံးမက များစွာကို mouse တစ်လုံး keyboard တစ်ခုနဲ့ပဲအားလုံးချိတ်ဆက်သုံးပြုလို့ရမယ့်နည်းလမ်းကို တင်ပြမှာဖြစ်ပါတယ်။သင့်ကွန်ပျုတာ တစ်လုံးမှာ မောက်စ် နဲ့ကီးဘုတ်ရှိရုံနဲ့ အခြား ကွန်ပျူတာတွေမှာပါ ချိတ်ဆက်ခြင်းမရှိပဲ သုံးနိုင်မှာဖြစ်ပါတယ်။မောက်စ် တစ်ခု ကီးဘုတ်တစ်ခုနဲ့ ကွန်ပျူတာ အလုံးများစွာကို ထိန်းချုပ်မှာဖြစ်ပါတယ်။ 
ဒီလိုလုပ်ဆောင်ဖို့ကို ကျွန်တော်တို့ Synergy ကိုသုံးမှာဖြစ်ပါတယ်။  

Synergy ဆိုတာ.


Synergy ဆိုတာဟာ ဆိုဒ်အသေးလေးနဲ့ စွမ်းအားကြီးမားတဲ့ Tool တစ်ခုဆိုရင်မှားမယ်မထင်ပါဘူး။ဒီကောင်ကပဲ မောက်စ်တစ်လုံးကီးဘုတ်တစ်ခုနဲ့ ကွန်ပျူတာများစွာကိုထိန်းချုပ်သုံးနိုင်မှာဖြစ်ပါတယ်။Synergy ရဲ့ Interface အသွင်အပြင်ဟာ ရိုးရှင်းပြီးတော့ သုံးရလွယ်ကူပါတယ်။Synergy ဟာ လက်ရှိလူသုံးများတဲ့ OS တွေကို ထောက်ပံ့ပေးထားပါတယ်..Linux,Windows and MAC Os,(Under development for Mac OS X Mavericks) တို့လိုပေါ့။ ..ပြီးတော့ 32 bit / 64bit နှစ်ခုလုံးမှာအဆင်ပြေတာကိုတွေ့ရပါတယ်။
  

Synergy ရဲ့ လုပ်ဆောင်မှု


-ကွန်ပျုတာ တွေကြားထဲမှာရှိတဲ့ encryption of informationတွေကို ထောက်ပံ့ပေးပါတယ်(ဒါက နက်ဝပ်ပေါ်ရှိနေတဲ့သင့်အချက်အလက်တွေကို ကာကွယ်ပေးပါတယ်..တချို့က လက်ဆော့တတ်ကြတယ်လေ :D)
-သင့်သုံးလိုတဲ့ကွန်ပျုတာပေါ်ကို မောက်နဲ့ကီးဘုတ်ကို အလွယ်တကူ ရွှေ့ပြောင်းနိုင်ပါတယ်။ ဖြုတ်ပြီး သွားတပ်တာကိုဆိုလိုတာမဟုတ်ပါဘူး ကိုယ်ထိုင်နေတဲ့နေရာကပဲ တစ်ဖက်ကွန်ပျူတာကို ထိုင်ရာမထ ထိန်းချုပ်တာပါ
-ဖိုင်တစ်ခုကို ကော်ပီလုပ်လိုက်တာနဲ့  ကျန်တဲ့ ကွန်ပျူတာအားလုံး မည်သည့်နေရာမှာဖြစ်စေ Paste လုပ်နိုင်ပါတယ်။
-Window နဲ့ MAC မှာ Drag and Drop feature ကိုထောက်ပံ့ပေးပါတယ်
-သင့်ကွန်ပျူတာတွေကြားမှာဆက်သွယ်ဖို့ local network connection တည်ဆောက်ပါမယ်။
-သင်ဒါကိုမသုံးခင် သင်သုံးမယ့်ကွန်ပျူတာအားလုံးဟာ တူညီတဲ့နပ်ဝပ်တစ်ခုပေါ်မှာရှိနေစေရပါမယ်
 
ကဲ... စတင်ကြည့်ရအောင်..
 

Server System


ဒီနေရာမှာ Server System က သင့်ရဲ့  မောက်စ်နဲ့ကီးဘုတ်တပ်ဆင်ထားတဲ့ အဓိက ကွန်ပျူတာ ကိုဆိုလိုတာပါ။
 

Client System:

 client system ကတော့ မောက်စ် ကီးဘုတ်တပ်ဆင်မထားတဲ့ အခြားကွန်ပျူတာ တွေပေါ့။ အဲဒီတော့ Server computer ကနေ Client ကွန်ပျူတာတွေကို မောက်စ် နဲ့ ကီးဘုတ်သုံးနိုင်မှာဖြစ်ပါတယ်။ 

Synergy ကို သင့်ကွန်ပျူတာမှာ Installing-Configuring   ပြုလုပ်ခြင်း


ပထမဆုံအနေနဲ့  သင့် OS နဲ့ကိုက်ညီမယ့်  Synergy software ကို ဒေါင်းလုပ်ဆွဲရပါမယ်။
သင့်က ၀င်းဒိုးသုံးတာဆို  http://synergy-foss.org/download/?list ပေါ့
သင်က  Linux or MAC OS  ဆိုရင် http://synergy-foss.org/download/?list ပေါ့..သွားရောက်ကြည့်ပါ။OFfical link တွေဖြစ်ပါတယ်။
သတိပြုရန်- Synegy ကို သင့်ရဲ့ Server computer(ကီးဘုတ် ။မောက်စ် တပ်ထားတဲ့ကွန်ပျူတာ) မှာ Install ရမှာဖြစ်ပါတယ်။
 

Configuring the server system:


ဒေါင်းလုပ်ဆွဲပြီးရင် install လုပ်ပါ။ပြီးးရင် Run လိုက်ပါ။ 'ဒါဆိုရင်သင်က Server / Client ရွေးပေးရပါမယ်..
Configure server ကို ကလစ်ပေးပါ။ဒါဆိုရင် server configuration ၀င်းဒိုးတစ်ခုပွင့်လာပါမယ်။
  

ပုံမှာဆိုရင် Linux-mint က ကျွန်တော့်ရဲ့  ဆာဗာ ဖြစ်ပြီး  Win7 ကတော့ Client ဖြစ်ပါတယ်။ Client ကတော့ တစ်လုံးထက်မကရှိနိုင်ပါတယ်။
advanced settings မှာလည်း မိမိစိတ်ကြိုက် ၀င်ကြည့်နိုင်ပါသေးတယ်။ကျွန်တော်ကတော့ Save/OK ကို ပဲနှိပ်လိုက်ပါတယ်..ပြီးရင် သင့်ဆာဗာကွန်ပျူတာရဲ့ IP address ကို မှတ်သားထားလိုက်ပါ။ note pad မှာရေးမှတ်ထားလိုက်ပါ။
 

Configuring the client computer:


client computerတွေက မောက်စ်ကီးဘုတ်မရှိတဲ့ ကွန်ပျူတာတွေပေါ့။ အဲ..Client တွေပေါ်မှာလည်း Synergy ကို install လုပ်ရမှာဖြစ်ပါတယ်။ပြီးရင် Run ပါ ။ဒီတစ်ခါ Client ကိုရွေးပေးရုံပဲဖြစ်ပါတယ်။
 
 
ပုံမှာပြထားတဲ့အဆင့်ကိုရောက်ပြီဆိုရင် စောစောကမှတ်ထားတှဲ့ဆာဗာကွန်ပျူတာရဲ့ IP address ကို Server IP အကွက်ထဲမှာထည့်လိုက်ပြီးတော့ Apply ကိုနှိပ်ပေးပါ။
 
ပြီးရင် Sharing ကိုစတင်ဖို့အတွက် ...ဆာဗာကွန်ပျူတာမှာ Start ကိုနှိပ်ပါ။ Client ကွန်ပျူတာမှာလည်း Start ကိုနှိပ်လိုက်ပါ။
ခဏလောက်စောင့်လိုက်ပါ။ဒါဆိုရင်တော့ သင့် ဆာဗာကွန်ပျူတာက ကီးဘုတ် နဲ့မောက်စ်တစ်ခု စီကို အခြား ကွန်ပျူတာတွေကို မျှဝေလိုက်ပါပြီ။ ကိုကြိုက်တဲ့ Client ကွန်ပျူကာကိုရွေးပြီးတော့ လှမ်းပြီး မောက်စ် ကီးဘုတ်နဲ့ စေခိုင်းနိုင်ပါပြီ။ဆော့ဝဲဗားရှင်းပေါ်မူတည်ပြီး နေရာအထားအသိုလေးတွေ လွဲကောင်းလွဲနိုင်ပါတယ်။ဒါပေမယ့် သဘောတရားအတူတူမို့ အားလုံးနားလည်ပါလိမ့်မယ်။ဟုတ်ကဲ့ ...ကျေးဇူးတင်ပါတယ်ခင်ဗျာ။
 
ပို့စ်ရေးသားသူ-Han Wai Linn(www.sayyoethe.blogspot.com)
 

Monday, May 26, 2014

Internet Download Manager IDM 6.19 Final + Crack

Feb 05, 2014 နေ့ကထွက်လာတဲ့ IDM 6.19 Final လေးကိုတင်ပေးလိုက်ပါတယ်။Full License ဖြစ်စေ
ဖို့အတွက် Crack ဖိုင်လေးအပြင် Serial key လေးပါထည့်သွင်းပေးထားပါတယ်။ဘယ်လိုအင်စတောလုပ်ရ
လဲဆိုတာကိုတော့ဒေါင်းလော့စ်ဖိုင်ထဲမှာ How to Use ကိုနှိပ်ပြီးသေချာဖတ်ပေးပါ။

Internet Download Manager 6.18 (IDM) is a reliabe and very useful tool with safe multipart downloading technology to accelerate from internet your downloads such a video, music, games, documents and other important stuff for you files. IDM has a smart download logic accelerator and increases download speeds by up to 5 times, resumes and schedules downloads. Comprehensive error recovery and resume capability will restart broken or interrupted downloads due to lost connections, network problems, computer shutdowns, or unexpected power outages. Simple graphic user interface makes Internet Download Manager user friendly and easy to use. Unlike other download managers and accelerators, IDM segments downloaded files dynamically during download process and reuses available connections without additional connect and login stages to achieve best acceleration performance.
What's New in This Release
- Improved IDM download engine
- Added support for Firefox 29 and SeaMonkey 2.24
- Fixed video recognition problems in Google Chrome
- Fixed problems when taking over https downloads in Google Chrom


http://bc.vc/flEB8G 
(or)
http://adfoc.us/14251337786261 
(or)

http://adfoc.us/14251337786492 

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

Saturday, May 24, 2014

Windows နှစ်ခု တင်လို့မရအောင် ပိတ်ထားတဲ့ Hard Disk ကို ဝင်ဒိုးနှစ်ခု တင်လို့ရအောင် လုပ်နည်း

                                
 အခုနောက်ပိုင်း Windows 8 တင်ပြီးသား ပါလာတဲ့ ကွန်ပျူတာတွေမှာ Hard Disk ကို ဖေါ်မတ်တစ်မျိုးဖြစ်တဲ့ GPT (or) Read Only ဖေါ်မတ်နဲ့ Windows 8 တင်ပေးလေ့ရှိပါတယ်..။ ဒီဖေါ်မတ်နဲ့ဆိုရင် ဟတ်ဒစ်ကို တခြားအပိုင်းတွေခွဲလို့တော့ ရပြီး အဲ့ဒီအပိုင်းတွေမှာ တခြားဝင်းဒိုးတွေကို ပြန်တင်လို့ မရပါဘူး..။ ဒါကလည်း Windows 8 ကို တခြားဝင်းဒိုးတွေထက် ပိုမြန်အောင်၊ သွက်လက်အောင် ဒီ GPT Partition Style ဖေါ်မတ်ကို သုံးရခြင်းပါတဲ့..။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကွန်ပျူတာ တစ်လုံးထဲမှာ ဝင်းဒိုးနှစ်ခု၊ သုံးခုကို အတူ တလှည့်စီ တွဲသုံးလိုရင်တော့ ဒီဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းပြီးမှ တခြားဝင်းဒိုးတွေကို တင်လို့ ရမှာပါ..။ ဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းလိုက်မယ်ဆိုရင်တော့ မိမိတို့ကွန်ပျူတာထဲမှာ ရှိပြီးဖြစ်တဲ့ ဝင်းဒိုးအပါအဝင် တခြား ဆော့ဝဲလ်တွေ Video တွေ၊ ဓါတ်ပုံတွေ အားလုံး ပျက်ပါတယ်..။ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်သိမ်းထားဖို့ လိုပါတယ်..။ ဒီနည်းကို အသုံးပြုမှ မိမိတို့ကွန်ပျူတာမှာ ဝင်းဒိုးနှစ်ခု၊ သုံးခု တင်သုံးလို့ ရမှာဖြစ်တဲ့အတွက် Original Windows 8 တွေဆိုရင် Recovery အပိုင်းပါ ပျက်သွားမှာမို့ မလုပ်ခင် သေချာ စဉ်းစားသင့်ပါတယ်..။ 
ဒီလုပ်နည်းကို ဝင်းဒိုးတင်တတ်ခါစ လူသစ်များအပြင် ၊ Service သမားတွေပါ တတ်ထားသင့်ပါတယ်..။ ဘာလို့လဲဆိုတော့ နောက်ပိုင်းထွက်လာတဲ့ Windows 8 နဲ့ စက်အသစ်တွေအားလုံးက ဟတ်ဒစ်ကို ဒီလိုဖေါ်မတ်မျိုးနဲ့ပဲ လာတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ..။ ဒါကြောင့် ဒီနည်းက မသိမဖြစ်နည်းတခု ဖြစ်ပါတယ်..။ အရင်က ကျနော်ကိုယ်တိုင် Original Windows 8 ပါပြီးသား စက်အသစ်ကို ဖေါ်မတ်ချပစ်လိုက်ပြီးမှ ဝင်းဒိုး ပြန်တင်လို့ မရတဲ့အတွက် ၂-ရက်လောက် အလုပ်ရှုပ်ခဲ့ရဖူးတဲ့ ဒီလုပ်နည်းကို အခုတော့ Microsoft ကုမ္ပဏီက 2013 December 9 ရက်နေ့က သူ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်..။ ကျနော် အရင်လုပ်ခဲ့တဲ့နည်းက ဟတ်ဒစ်ကို အပြင်ထုတ်ပြီးမှ လုပ်ရတဲ့နည်းဖြစ်လို့ အလုပ်ရှုပ်ပါတယ်..။ အခု Microsoft ကပေးတဲ့နည်းကတော့ ပိုလွယ်ကူတဲ့အတွက် အဲ့ဒီနည်းနဲ့ပဲ ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။
နောက်တခုကတော့ ဟတ်ဒစ်ကို ဖေါ်မတ်မျိုးစုံနဲ့ အသုံးဝင်ပုံတွေကို အသေးစိတ်သိဖို့ မလိုသေးပဲ ဒီပိုစ့်မှာ ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းလို့ရတဲ့ GPT , Dynamic , Basic စတဲ့ဖေါ်မတ်တွေမှာ ကျနော်တို့အတွက် ဝင်းဒိုးနှစ်ခု၊ သုံးခု တင်လို့ရတဲ့ Basic ဖေါ်မတ်ကိုပဲ ပြောင်းယူအသုံးပြုရမှာ ဖြစ်ပါတယ်..။ Basic ဖေါ်မတ်ကို ပြောင်းလိုရင်တော့ အရင်ဆုံး Dynamic ဖေါ်မတ်ဖြစ်ပြီးမှ Basic ဖေါ်မတ်ကို ပြန်ပြောင်းလို့ရတာပါ..။ Dynamic ဖေါ်မတ်နဲ့ဆိုရင်တော့ GPT ဖေါ်မတ်လိုပဲ ဟတ်ဒစ်မှာ ဝင်းဒိုးတစ်ခုပဲ လက်ခံပါတယ်..။ နောက်ထပ်ဝင်းဒိုး ထပ်တင်လို့ မရတော့ပါ..။ Basic ဖေါ်မတ်ကျပြန်တော့ Partition တွေမှာ ဝင်းဒိုးတွေ အများကြီးတင်လို့ ရပေမယ့် ဟတ်ဒစ်ကို အပိုင်း ၃-ပိုင်းပဲ ခွဲထုတ်ခွင့်ပြုပါတယ်..။ ၄/၅-ပိုင်းခွဲထုတ်လိုက်ရင်တော့ သူ့အလိုလို Dynamic Disk ဖေါ်မတ်ကို ပြန်ပြောင်းသွားတာဖြစ်လို့ တခြား ပါတေးရှင်းအပိုင်းတွေထဲက တခြားဝင်းဒိုးတွေကို ဝင်လို့မရတော့ပါဘူး..။ အဲ့ဒီဖြစ်သွားရင်တော့ AOMEI Partition Assistance Pro ဆော့ဝဲလ်နဲ့ Dynamic Disk ကနေ Basic Disk ဖေါ်မတ်ကို Data တွေနဲ့ တခြားဝင်းဒိုးတွေကို မပျက်စေပဲ ပြန်ပြောင်းယူလို့ ရတဲ့အတွက် အဲ့ဒီဆော့ဝဲလ်လေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ တင်ပေးထားပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီရက်ထဲမှာ စက်အသစ်နှစ်လုံးနဲ့ ၎င်းတို့ရဲ့ ဟတ်ဒစ်တွေကို ဒီနည်းနဲ့ အပြန်အလှန် စမ်းသပ်နေတာဖြစ်လို့ ဒီရက်ထဲအလုပ်ရှုပ်ပါတယ်..။ အခုတော့ ဒီပိုစ့်ကို တင်ပေးဖို့ အတော်လေး ပြည့်စုံသွားပြီဖြစ်လို့ ကျနော်စမ်းသုံးရင်း ရရှိလာတဲ့ အတွေ့အကြုံလေးတွေကိုပါ ဒီပိုစ့်မှာ ဖြည့်စွက်ရေးပေးထားလို့ နောက်ပိုင်း ဝါသနာရှင်များထဲမှ လေ့လာလိုက်စားတဲ့သူများအတွက် အလွယ်တကူ သင်ယူလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။
ဒီနည်းကို အသုံးပြုပြီး ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်း၊ ဝင်းဒိုးအသစ်တင်မှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ Windows 8 (or) Windows 7 DVD သို့မဟုတ် Bootable USB Pendrive ကို မိမိတို့ အသုံးပြုမယ့် စက်မှာထည့်၊တပ်ထားလိုက်ပြီး စက်ကို Restart ပေးပါ..။ ပြီးရင်တော့ F2, Esc, Del, F10 စသဖြင့် မိမိတို့ စက်ရဲ့ Bios Setup ထဲဝင်တဲ့ကီးတွေကို ဆက်တိုက်နှိပ်ပြီး Boot နေရာမှာ DVD (or) USB သွားပြောင်းပြီး ဝင်းဒိုးတင်တဲ့ထဲကို ဝင်လိုက်ပါ..။ အသေးစိတ်ကို Windows 7 တင်နည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားခဲ့ပြီးမို့ မသိသေးတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ရင် အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 
ကျနော်ကတော့ Windows 8 နဲ့ အသုံးပြုထားတာဖြစ်လို့ အောက်ကပုံလေးအတိုင်း Windows 8 ရဲ့ Install now ကနေ သွားပါတယ်..။ ဒီနည်းကို Windows 7 အခွေနဲ့ပါ စမ်းသပ်ပြီး အဆင်ပြေပြီးသားဖြစ်တဲ့အတွက် Windows 8 (or) Windows 7 အဆင်ပြေရာနဲ့ အသုံးပြုနိုင်ပါတယ်..။


အောက်ကပုံကတော့ Windows 8 တခုသာရှိသေးတဲ့ စက်မှာ တခြားပါတေးရှင်းအပိုင်းတွေမှာ နောက်ထပ်ဝင်းဒိုးကို တင်လို့ မရတော့တဲ့အတွက် အနီဝိုင်းထားတဲ့ စာသားကို ကလစ်ပြီးကြည့်လိုက်တော့ မျှားနီပြထားတဲ့အတိုင်း GPT Partition Style ဖြစ်နေလို့ပါတဲ့..။ အခုဒီပိုစ့်ကနည်းနဲ့ လုပ်ပေးလိုက်မှ တခြား ပါတေးရှင်းတွေမှာ နောက်ဝင်းဒိုးတွေကို တင်လို့ ရသွားပါတယ်..။ Basic ဖေါ်မတ်မပြောင်းခင် အရင်ဝင်းဒိုးနဲ့ ဆော့ဝဲလ်တွေ အားလုံး ပျက်ပါတယ်..။ ပြီးမှ ဝင်းဒိုးတွေ နှစ်ခု၊ သုံးခု တင်လို့ ရတာပါ..။



တခြားဝင်းဒိုးမတင်ရသေးတဲ့ စက်တလုံးမှာတော့ အပေါ်က ပုံအတိုင်း NTFS ဖေါ်မတ်ဖြစ်မှ ဝင်းဒိုးတင်လို့ ရမှာပါတဲ့..။ အဲ့ဒါမျိုးကတော့ ဖေါ်မတ်ချပစ်လိုက်ယုံနဲ့ ရပါတယ်..။ Basic Disk ဖေါ်မတ်ဖြစ်ဖို့အတွက် ပိုသေချာအောင် ဒီနည်းကိုပဲ အောက်ကပုံလေးတွေ အတိုင်း အသုံးပြုသွားလိုက်ပါတယ်..။
အရင်ဆုံး ကီးဘုတ်မှ Shift+F10 ကို တွဲနှိပ်ပြီး ဝင်းဒိုး External Command Prompt ကို ဖွင့်လိုက်ပါ..။ ပြီးရင်တော့ အောက်ကစာသားတွေကို တကြောင်းစီ မှန်အောင် ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။
ဒီစာသားတွေကိုရိုက်ထည့်ပါ
diskpart                          
list disk
select disk 0
clean
convert gpt
convert dynamic
convert basic
exit

Diskpart နည်းနဲ့ လုပ်ရမှာ ဖြစ်လို့ ကြည့်ရရှင်းအောင် အောက်ကပုံလေးတွေ အတိုင်း တကြောင်းစီ ပြပေးထားပါတယ်..။ ရိုက်ထည့်တဲ့ စာသား မှန်အောင် သတိပြုရိုက်ပါ..။ စာကြောင်း တစ်ကြောင်းရိုက်ပြီးတိုင်း Enter တချက်စီ ခေါက်သွားလိုက်ပါ..။



ဒီအဆင့်မှာ တချက်က မိမိတို့ ဖေါ်မတ်ပြောင်းလိုတဲ့ ဟတ်ဒစ်က စက်ထဲက ဟတ်ဒစ်ဆိုရင်တော့ Disk 0 (သုည) လို့ ပေါ်နေမှာဖြစ်ပြီး USB နဲ့ တွဲသုံးတဲ့ ဟတ်ဒစ် သို့မဟုတ် Pendrive တွေဆိုရင်တော့ Disk 1 လို့ ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီနေရာမှာ မမှားရအောင် သေချာရွေးယူတတ်ဖို့ လိုပါတယ်..။ ကျနော်ကတော့ စက်ထဲက ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းမှာ ဖြစ်လို့ မျှားအဝါပြထားတဲ့ Disk 0 ကို ရိုက်ထည့်ပါတယ်..။


Disk 0 is now the selected disk ဆိုတဲ့စာသား ပေါ်လာရင်တော့ နောက်စာကြောင်း တကြောင်းကို ဆက်ပြီး ရိုက်ထည့် Enter တစ်ချက် ခေါက်ပေးလိုက်ပါ..။


Clean စာသားရိုက်ထည့်ပြီးလို့ DiskPart succeeded in cleaning the disk ဆိုရင်တော့ နောက်စာကြောင်းဖြစ်တဲ့ ဖေါ်မတ်ပြောင်းတဲ့ စာသားကို ရိုက်ထည့်ပေးရမှာပါ..။ ဒီနေရာမှာ ကျနော်က တခါတည်း Basic ဖေါ်မတ်ကို ပြောင်းရိုက်ထည့်လိုက်တာ အောက်ကပုံအတိုင်း မျှားနီပြထားသလို Dynamic ဖေါ်မတ်ပြောင်းပြီးမှ Basic ဖေါ်မတ်ကို ပြောင်းလို့ရမှာပါတဲ့..။ ဒါကြောင့် အစဉ်လိုက်အတိုင်း အောက်ကပုံမှာ မျှားအဝါတွေနဲ့ ပြထားသလို Convert သုံးမျိုးပြောင်းလိုက်ပါတယ်..။ Successfully စာသားတွေ ပေါ်ပြီးမှ နောက်စာကြောင်းတွေကို ရိုက်ထည့်ပေးပါ..။ ပြီးရင်တော့ Exit ၂-ခါနဲ့ ထွက်ပြီး စက်ကို Restart ပေးလိုက်ပါ..။


အောက်ကမျှားအပြာနဲ့ ပြပေးထားတာကတော့ ဒီပါတေးရှင်းအပိုင်းထဲမှာ ဝင်းဒိုးတင်လို့မရသေးတာပါ..။ ဒါကြောင့် မျှားနီပြထားတဲ့အတိုင်း အားလုံးပိတ်ပစ်ပြီး Restart ပေးပြီးမှ ဝင်းဒိုးတင်လို့ ရမှာပဲ ဖြစ်ပါတယ်..။





အပေါ်ကပုံတွေ အတိုင်း အဆင့်ဆင့် ပိတ်ပစ်ပြီးသွားရင်တော့ စက်ပြန်တက်လာရင် ဝင်းဒိုးပြန်တင်တဲ့အတိုင်း ပြန်ဝင်လိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်း ပါတေးရှင်းအပိုင်းတွေ ခွဲပြီး ဝင်းဒိုးတင်လို့ ရသွားပါပြီ..။



ပါတေးရှင်းပိုင်းတွေကို အောက်ကပုံတွေအတိုင်း ကျနော် ရသလောက် ခွဲထုတ်ပါတယ်..။



အောက်ကပုံမှာ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း ၃-ပိုင်းခွဲပြီးတဲ့နောက်မှာတော့ ၄-ပိုင်းမြောက်အပိုင်းကို ခွဲထုတ်လို့ မရတော့ပါ..။ သူ့မှာရေးထားတဲ့ စည်းကမ်းချက်လေးကို အောက်ကပုံအတိုင်း ဖတ်ရှုနိုင် ပါတယ်..။



Basic Disk ဖေါ်မတ်မှာတော့ သတ်မှတ်ထားတဲ့ အပိုင်းတွေခွဲထုတ်လို့ ပြည့်သွားပြီဖြစ်လို့ နောက်ဆုံးအပိုင်းကိုတော့ ဆက်လက်အသုံးပြုလို့ မရပါဘူးတဲ့..။ ဒီအတိုင်းပဲသွားလိုက်ပါ..။ ကိစ္စမရှိပါဘူး..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ ပြန်ခွဲထုတ်လို့ ရပါသေးတယ်..။ ဒါကြောင့် ခွဲထုတ်ထားတဲ့ ပါတေးရှင်းအပိုင်းတွေထဲက မိမိတို့ နှစ်သက်တဲ့ အပိုင်းကို ကလစ်ပြီး အောက်ကပုံလေးအတိုင်း ဝင်ဒိုးတင်လို့ ရသွားပါပြီ..။



အောက်ကပုံတွေအတိုင်း ဝင်းဒိုးတင်လိုက်ပါတယ်..။




ဝင်းဒိုးတင်ပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်း အပေါ်မှာ ခွဲထုတ်လို့ မရခဲ့တဲ့ နောက်ဆုံးအပိုင်းကို ပြန်ပြီးခွဲထုတ်ပါတယ်..။ Computer >> Right Click >> Manage >> Disk Management ကနေ ဝင်ပြီး ပါတေးရှင်း မအောင်သေးတဲ့ အမဲရောင် အပိုင်းပေါ်မှာ Right Click >> New Volume ကနေ အဆင့်ဆင့် Next နှိပ်ပြီး သွားလိုက်ရင်တော့ အောက်ကပုံအတိုင်း Yes ပေးရမယ့် ဘောက်စ်လေး ကျလာမှာဖြစ်ပါတယ်..။ မျှားအစိမ်းရောင်နဲ့ပြထားတဲ့ စာသားတွေကတော့ ဒီအပိုင်းကို ခွဲထုတ်လိုက်မယ်ဆိုရင်တော့ ယခုလက်ရှိ Basic Disk ဖေါ်မတ်ကနေ အလိုလို Dynamic ဖေါ်မတ်ကို ပြောင်းလဲသွားပါလိမ့်မယ်တဲ့..။ Dynamic Disk ဖေါ်မတ်ဖြစ်သွားရင် ဒီလက်ရှိဝင်းဒိုးက လွဲလို့ တခြားဝင်းဒိုးတွေ တင်လို့ မရတဲ့အပြင် ၊ တခြား အပိုင်းတွေမှာ ရှိပြီးတဲ့ ဝင်းဒိုးပါ အသုံးပြုလို့ မရတော့ပါဘူးတဲ့..။ သေချာတယ်ဆိုရင်တော့ Yes ပေးလိုက်ပါတဲ့..။ ကျနော်က Yes ပေးလိုက်ပါတယ်..။ သူပြောတဲ့အတိုင်းပဲ ဟတ်ဒစ်တခုလုံး Dynamic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ တခြားစက်တလုံးမှာတော့ ဝင်းဒိုး၂-ခု တင်ပြီးမှ ပါတေးရှင်းထပ်ခွဲလိုက်တာ Dynamic Disk ဖြစ်သွားလို့ ဟိုဘက်ဝင်းဒိုးကို ဝင်သုံးလို့ မရတော့ပါဘူး..။ ဒီအောက်ကဆော့ဝဲလ်နဲ့ Basic Disk ပြန်ပြောင်းလိုက်မှ အဲ့ဒီစက်မှာ နောက်ဝင်းဒိုး တခုကို ပြန်ဝင်သုံးလို့ ရသွားပါတယ်..။


အောက်ကပုံအတိုင်း ပါတေးရှင်းတွေ အားလုံး Dynamic Disk ဖေါ်မတ်တွေ ဖြစ်ကုန်ပါတယ်..။ Dynamic Disk ဖြစ်ပြီးသွားမှ ကျနော် ပါတေးရှင်း နောက်တခုပါ အောက်ကပုံအတိုင်း ထပ်ခွဲထုတ်လိုက်ပါသေးတယ်..။ ခွဲထုတ်လို့ ရပါတယ်..။ Dynamic Disk အတိုင်းပါပဲ..။



အပေါ်ပုံအတိုင်း Dynamic Disk ဖေါ်မတ်နဲ့ ပါတေးရှင်း အပိုင်း ၅-ပိုင်း ခွဲထုတ်ပြီးမှ ဒီအောက်က ဆော့ဝဲလ်လေးနဲ့ Basic Disk ပြန်ပြောင်းလိုက်ပါတယ်..။ Data တွေ တခုမှ မပျက်ပဲ အဆင်ပြေပြေနဲ့ ပြောင်းယူလို့ ရသွားပါပြီ..။ ဒီဆော့ဝဲလ်လေးကို ကီးတွေ ထည့်ပေးပြီးမှ ဖူးသုံးလို့ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အရင်ဆော့ဝဲလ်ကို ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်က 8 MB ရှိပါတယ်..။ နောက်ဆုံး ဗါးရှင်းလေးပါ..။
(OR)



အပေါ်ပုံအတိုင်း ကီးတွေ ထည့်ပေးလိုက်ရင်တော့ ဒီကောင်လးကို ဖူးသုံးလို့ ရသွားပါပြီ..။


ပြီးရင်တော့ Dynamic စာသားကနေ ဝင်ပြီး ပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ..။




အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် ဝင်လာပြီးရင်တော့ အောက်ကပုံအတိုင်း Ok ပေးပြီး စက်ကို Restart ပေးလိုက်ရင် Dynamic Disk ကနေ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။


စက်ပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း ပါတေးရှင်းအပိုင်တွေမှာ အပြာရောင်တွေနဲ့ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ ဒါဆိုရင်တော့ တခြားပါတေးရှင်းအပိုင်းတွေမှာလည်း နောက်ထပ် ဝင်းဒိုးတွေကို တင်ပြီး အသုံးပြုလို့ ရသွားပါပြီ..။

ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်လို့မရတတ်တဲ့ ဟတ်ဒစ်ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းလို့ ရသွားပါပြီ..။ နောက်တခုကတော့ ကျနော် မစမ်းသပ်ရသေးတဲ့ ဟတ်ဒစ်မှာ Password ပေးထားလို့ ဝင်းဒိုးတင်လို့ မရတဲ့ ပြဿနာကို ဒီ Diskpart နည်းနဲ့ စမ်းသုံးကြည့်ရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်..။ ဒါကတော့ ကျနော့်မှာ Password ပိတ်ထားတဲ့ ဟတ်ဒစ်မရှိသေးတဲ့ အတွက်ကြောင့်ပါ..။ စာဖတ်သူများထဲမှ ဒီ Diskpart နည်းနဲ့ Password ပိတ်ထားတဲ့ ဟတ်ဒစ်မျိုးရှိခဲ့မယ်ဆိုရင်တော့ ဒီနည်းနဲ့ စမ်းသပ်ပြီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီပိုစ့်ရဲ့ Comments မှာ အဆင်ပြေ၊ မပြေဆိုတာကို နောက်လူများ လေ့လာလို့ ရအောင် ဆက်လက်၍ ရေးပေးခဲ့ဖို့ တောင်းဆိုပါတယ်..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေဗျာ..။ 

Friday, May 23, 2014

ဘလော့ခရီးသည် တင်သမျှ ဘလော့ပိုစ်များ







►120-
  



  



►241-CO.CC မှာ မုရင်း blogspot.com ပြန်ချိန်းနည်း
►242-Template ဒေါင်းယူပြီး xml ဖိုင်ရယူနည်း
►243-နောက်ဆုံးတင်သမျှ Slider Post လေးလုပ်နည်း( ရှယ်နော် )
►244-Read More လုပ်နည်း ( လန်းတယ်နော် သူကတမျိုးလေး)
►245-Scroll Bar နောက်ခံ့ာလာနဲ့ ပို့စ်တင်ကြမယ်
►246-X`Mas လက်ဆောင်လေး အမှတ်တရ လုပ်မယ်
►247-Template အလန်းများ ( ၁ )
►248-Beauty Template Chucky (သိပ်လှတယ်နော်)
►249-ဘာသာရေးဘလော့များအတွက် Domain အလှူဒါနပွဲ
►250-ဘာသာရေးဘလော့များအတွက် Domain အလှူဒါနပွဲအင်တာဗျူး


►251-မိမိဘလော့ပုံလေးနဲ့ကုဒ်ရောပါ လိုခြင်သူယူနိုင်ရန်
►252-ဘယ်-ညာ ဆိုဒ်ဘားနဲ့ သိပ်လှတဲ့ ProDesign Template
►253-Free Download Template For Blogger
►254-Right Click မရသောဆိုဒ်များအား ရအောင်လုပ်ယူနည်း
►255-မောက်တင်တာနဲ့ ရပ်တန့်စေတဲ့..Marquee ...ကုဒ်..
►256-Marquee ကုဒ်လေးတွေ နဲ့စာလဲရေးမယ် ပုံလေးလဲ ပြေးနေမယ်
►257-ဂျာနယ်ဆိုဒ်လေးတွေ ဘလော့မှာ ထားခြင်ရင်
►258-Perogato Wordpress Theme

  1.  Window8 စတိုင်တက်ပလက် ( Metro UI Blogger Template )
  2. *မြန်မာလို3D စာလုံးလေးရေးချင်ကြရင်ဗျာ
  3.  ဘလော့ဂါတို့တွက် Flash Button လုပ်နည်းလေးပါ 
  4.  လှပတဲ့ Sliding JavaScript Side Bar Menu လေးထည့်နည်းပါ။
  5.  ဆိုဒ်တက်လာလာချင်း Facebook Like box ပေါ်လာအောင်လုပ်နည်း (Blogger only)
  6.  သင့်Blogက ပိုစ့်တွေကို Facebook တွင် Automatic ရောက်အောင်လုပ်နည်း (Blogger only)****
  7.  paypal အကောင့်ဖွင့်ပြီး အွန်လိုင်းမှာ ပိုက်ပိုက်ရှာချင်သူတွေအတွက် လွယ်လွယ်လေး :P
  8.  Unicode font မြန်မာလို ပြက္ခဒိန်လေးပါ [Blogger only]
  9.  ၀က်ဆိုဒ်ဒီဇိုင်နာလုပ်ချင်သူများနဲ့ ဆော့ဝဲရေးဆွဲတတ်ချင်သူအတွက်စာအုပ်
Twitter Bird Gadget back to top